Tuesday, April 29, 2014



                    


                    

                    

                   

                    


                    


 
 
 
 
 


"မြတ်သမိန်-ပရဟိတအသင်း" ထိုင်းနိုင်ငံ-ဘန်ကောက်
 
 

Monday, April 28, 2014


 
 
မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ၊ ကမ္ဘာကြီးလည်းငြိမ်းချမ်းပါစေ (မြတ်သမိန်-ပရဟိတအသင်း) မှ
 
ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်...
 
 

(၁) သနားညှာတာခြင်း ကင်းလျက် သွေးစွန်းသောလက်ဖြင့် သူ့အသက်ကို
သတ်လေ့ရှိခြင်း။

(၂) ရွာ၌ဖြစ်စေ တော၌ဖြစ်စေ သူ့ဥစ္စာကို ခိုးယူလေ့ရှိခြင်း။

(၃) မာတုရက္ခိတ (အမိ စောင့်ရှောက်ထားသူ) စသော မိန်းမ ဆယ်မျိုးတို့၌
ကာမဖြင့် မှားယွင်းစွာ ကျင့်လေ့ရှိခြင်း။

(၄) ပရိသတ်အလယ်၌ တံစိုးလက်ဆောင် စသော လာဘ်အမိသကြောင့်
မဟုတ်မမှန် ပြောလေ့ရှိခြင်း။

(၅) ညီညွှတ်သူများ အချင်းချင်း ကွဲပြားအောင် ကုန်းချောစကား ပြောကြား
တတ်ခြင်း။

(၆) သူတစ်ပါးတို့၏ နားစပ်ခါးစေတတ်လျက် အမျက်ထွက်ဖွယ်စကား ကြမ်း
တမ်းသော စကားကို ပြောကြားတတ်ခြင်း။

(၇) အကျိုးမဲ့ အခါမဲ့ တရားမဲ့ဖြစ်သော ပြိန်းဖျင်းသော စကားကိုပြောဆိုတတ်
ခြင်း။

(၈) သူတစ်ပါးတို့၏ စည်းစိမ်ဥစ္စာ အဆောက်အဦတို့သည် ငါ့ဥစ္စာဖြစ်မူ
ကောင်းလေစွ စသည်ဖြင့် သူတစ်ပါး ဥစ္စာပစ္စည်းကို ရှေးရှုကြံစည်မှု
အဘိဇ္ဈာစိတ် အကြံရှိခြင်း။

(၉) ဤသတ္တဝါတို့အား ဖမ်းဆီးသတ်ဖြတ် ကြပါစေ စသဖြင့် ဖျက်ဆီးလိုသော
စိတ်အကြံရှိခြင်း။

(၁၀) လှူဒါန်းပူဇော်ခြင်းသည် အကျိုးမရှိ အစရှိသဖြင့် မှားသောအမြင်ရှိခြင်း။



မိုးကုတ်ဆရာတော်ဘုရားကြီး၏ လက်ငင်းလိုချင် ချက်ချင်းလုပ်ပါ
"ဖြစ်ပျက်မြင်တာသည် အတ္ထိပစ္စယောမှ နတ္ထိပစ္စယောသို့"
ဒကာ ဒကာမတို့ (၄) ကြိမ် (၄) ခါလောက်ဆုံးရင်..အရိုးက ဓာတ်တော်ဖြစ်ပြီ၊ အားထုတ်ဆဲ ဝိပဿနာ
ဉာဏ်နဲ့ အမြဲနေကြပါ၊ ခန္ဓာထဲ ဖြစ်ပျက် ဒုက္ခတွေ့ရင်..သားကောင်တွေ့တဲ့ မုဆိုးလို တောက်လျှောက်
လိုက်ပေတော့၊ ဉာဏ်မျက်ချည် မပြတ်အောင် လိုက်ပေတော့၊ သတိထားရင် ပေါ်တာသိတယ်၊
ပေါ်တာသိရင် ပျက်တာသိရတယ်၊ ပေါ်တိုင်းသိရင်သတိ၊ အပေါ်ရော အပျက်ရော သိရင် ပညာ၊
သတိက လက်ညိုးညွှန်ပြတယ်၊ စိစစ်တဲ့ပညာက ဖြစ်ပျက်တွေ့တယ်၊ ခန္ဓာထဲကြည့်လိုက်တဲ့အခါ ငါသူမတွေ့ ပျောက်ပျက်တာပဲတွေ့တာ၊ ယခုပစ္စုပ္ပန်ပေါ်လာတဲ့ ခန္ဓာငါးပါးဟာပြာတောင်မကျန်ဘဲ
အစပျောက် မသာဖြစ်သွားတာကို၊မိမိဉာဏ်နဲ့ မြင်ရမှာ၊ ဖြစ်ပြီး ပျက်ပြီးလို့ ပါးစပ်က မမြည်ပါနှင့်၊ဉာဏ်နဲ့မြင်နေရင် ပြီးတာပဲ၊ မျက်လုံးနဲ့ မြင်နေရင် ဒါ အထည်ခံနေလိမ်မယ်၊ဉာဏ်ထဲက ယုံပြီဆိုမှ ဖြစ်ပျက်မြင်တာ၊ အထည်သာမရှိတာ သတ္တိသဘော ထင်ရှားရှိတယ်၊သဘောဖြစ်၍ သဘောပျက်တာ၊သဘောအားဖြင့်ပေါ်လာပြီး သူ့သဘော ရုပ်သိမ်းသွားတာကို၊ မြင်တာဟာ ဖြစ်ပျက်မြင်တာပဲ၊ ဖြစ်ပျက်မမြင်ဘဲ အသက်တစ်ရာနေရတာထက်...
ဖြစ်ပျက်တစ်ချက်မြင်ပြီး တစ်ရက်အသက်ရှင်ရတာ ပိုမြတ်တယ်၊ဖြစ်ပျက်မြင်တဲ့ ကုသိုလ်က ဒီပြင် ကုသိုလ်မျိုးတွေထက်... အဆပေါင်း သိန်းသန်းကုဋေမကအောင်... ထူးခြားကဲလွန် မြင့်မြတ်ပါတယ်။

သင်သေသွားသော်
ဪ..လူ့ပြည်လောက၊ လူ့ဘ၀ကား                
အိုရနာရ၊ သေရဦးမည်
မှန်ပေသည်တည့် ။

သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏ ။                     

သင်၏အမျိုးသား၊ စာစကားလည်း
ကြီးပွားတိုးမြင့်၊ကျန်ကောင်းသင့်၏ ။

သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း ။


ဇော်ဂျီ

Popular Posts

Recent Posts

Unordered List

မြတ်သမိန် ပရဟိတအသင်းကို ၂၃.၃.၂၀၁၄ (တနင်္ဂနွေနေ့) တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ http://myatthamein.blogspot.com မှလှိုက်လှဲစွာ ကြိုဆိုပါတယ်.....

Text Widget

မြတ်သမိန်- ပရဟိတအသင်းမှ လှိုက်လှဲစွာကြိုဆိုပါသည်။

ပြက္ခဒိန်ကြည့်ရန်

Powered by Calendar Labs

မှတ်ချက်ရေးပေးခဲ့ပါ

Pages

နာရီကြည့်ရန်

Powered by Blogger.
Photobucket

Most Popular Posts